top of page

မှန်

  • Writer: chu
    chu
  • Jan 5, 2020
  • 1 min read



ဘာလုပ်မလဲ ကဲ မင်း ဘာဆက်လုပ်မလဲ


လျှောက်ခဲ့တဲ့ လမ်းက တစ်ဝက်ကျိုးပြီလို့ပဲ ဆိုရမလား


ဒီလောက်ထိ ကိုယ်လုပ်လာခဲ့တာတွေ အတွက် နှမြောစိတ်တစ်ခုတည်းနဲ့


ကြိတ်မှိတ်သည်းခံနေတော့မလား



ဘာပြောမလဲ ကဲ မင်းဘယ်လို စပြောမလဲ


အမြဲလိုလို ခေါင်းငြိမ့်လာခဲ့တော့ အသားကျလာတဲ့ ဇက်ပိုးတွေက


ဘာမှ မပြောခင် ဝပ်စင်းနေကြပြီလား



တစ်စုံတစ်ခုကို စည်းစည်းပိုင်ပိုင် ကိုင်တွယ်သင့်နေပြီဆိုတာ


မင်း သိနေရက်သားနဲ့များ


ဘာလို့ နှောင့်နှေးနေတာလဲ


ဘာကို စောင့်စားနေသေးတာလဲ


ဘာကိုများ မျှော်ကိုးနေသေးတာလဲ



လက်တစ်ဖက်က တွဲမိတော့မလိုလို


ဒါပေမဲ့ တခြားတစ်ဖက်က ဆုပ်ကိုင်စရာ မရှိဘူး ဖြစ်နေတယ်



ဘဝက ခုမှ စတာလား ခုမှဆုံးမှာလား


မင်း မသိတော့ဘူးလား


အရင်က မင်းဟာ သိပ် သိတတ်ခဲ့တာဆို


ကိုယ်ပိုင်ယုံကြည်မှု့ဆိုတာ သူများတွေ လုပ်ယူနေရချိန် မင်းက Charging ဖြည့်စရာမလိုအောင်


အလကားလိုလို ရနေခဲ့တာဆို



လူ့စွမ်းအားအရင်းအမြစ်တွေပဲ အလွဲသုံးစား ဖြစ်တာလား


အပျင်းကြီးမှုတွေပဲ ကြီးထွားလာတာလား


စိတ်ဓါတ်တွေ ခြစားလာကုန်ပြီ



မင်းက အရင်က မင်းနဲ့ မတူတော့ဘူး


လျှောက်ခဲ့တဲ့ လမ်းက တစ်ဝက်တောင် မကျိုးသေးပါဘူးကွာ


မင်းအတွက် ငါ တကယ် စိတ်မကောင်းဘူး



Comments


© 2023 By Lion with a Flowing Mane.

All Myanmar Image Courtesy by Chu May Paing.

bottom of page