
နီတချို့ ပြာတချို့ တိမ်များး
ယိမ်းနွဲ့နွဲ့ လေတိုက်တိုင်း နွဲ့နေတဲ့
အုန်းလက်တံရှည်များ
တဒေါင်ဒေါင် တဒင်ဒင် မြည်တဲ့
ညညဆို ကြားရတတ်တဲ့
ကွဲရှရှ ဂစ်တာသံများ
ဘာရယ်တော့ မဟုတ်
လေသာ ပြတင်းဝကနေ
ငေးမော ရင်ခုန်ဖူးတဲ့ အနက်ရောင်ညများ
တစ်ရေး နိုးချိန်က အားလုံး အိပ်မက် မက်နေချိန်မို့
တိတ်တိတ်ကလေး ခြေဖျားထောက်ပြီး စိတ်လှုပ်ရှားဖူးတဲ့ အချိန်
ဘာဖြစ်လာမယ်မှန်း မသိ
လက်ရှိမှာသာ ကြည့်နူး ရယ်မောနေတတ်ခဲ့တဲ့ မိနစ်များ
အလှဆိုတာ မသိ အပဆိုတာ အဝေး
လွယ်အိတ်တစ်လုံး ပုခုံးထက်
ဒေါက်ဖိနပ်တစ်ရန်နဲ့ ကိုယ့်ကိုကိုယ်လည်း ပြန်မြင်မိရဲ့
ထမင်းတစ်လုပ်ဆိုတာ
ဘယ်နေရာ ဝင်စားစား ရနေခဲ့တဲ့ ကာလမျိုး
မိုးလင်းမိုးချုပ် ဒီမျက်နှာပဲ မြင်နေခဲ့ရပေမယ့်
မငြီးငွေ့ခဲ့တဲ့ နေ့ရက်များ
ပတ်ဝန်းကျင်က ကဲ့ရဲ့လောက်တဲ့ အလုပ်မျိးကို
ယုံကြည်ချက်ရှိရှိ ဖောက်ဖျက်နေခဲ့တဲ့
အမှောင်နေ့များ
အားလုံးဟာ ဒီနှစ်နဲ့ အတူ လွင့်မျောမသွားပါဘူး
ကျွန်မနဲ့အတူ သေသည့်တိုင်
Comentários